လုပ်ငန်းဆောင်ရွက်မှုအာမခံ
လုပ်ငန်းဆောင်ရွက်မှုအာမခံ (Performance Guarantee) ဆိုသည်မှာ ကန်ထရိုက်တာ (သို့မဟုတ်) လုပ်ငန်းရှင်တစ်ဦးမှ မိမိဆောင်ရွက်ရမည့် လုပ်ငန်းများကို ချုပ်ဆိုထားသော စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးရန်အတွက် ဘဏ်မှ အာမခံပေးသည့် ဝန်ဆောင်မှုဖြစ်ပါသည်။
Service Details
လုပ်ငန်းဆောင်ရွက်မှုအာမခံ (Performance Guarantee)
ဘဏ်၏ ခိုင်မာသောအာမခံချက်ဖြင့် သင်၏လုပ်ငန်းများကို ယုံကြည်စိတ်ချစွာ တိုးချဲ့လိုက်ပါ။
ဝန်ဆောင်မှုအကြောင်းအရာ
လုပ်ငန်းဆောင်ရွက်မှုအာမခံဆိုသည်မှာ ကန်ထရိုက်တာ (သို့မဟုတ်) လုပ်ငန်းရှင်တစ်ဦးမှ မိမိဆောင်ရွက်ရမည့် လုပ်ငန်းများကို ချုပ်ဆိုထားသော စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးရန်အတွက် ရတနာပုံဘဏ်မှ လုပ်ငန်းအပ်နှံသူထံသို့ ဘဏ္ဍာရေးဆိုင်ရာ အာမခံပေးသည့် ဝန်ဆောင်မှုဖြစ်ပါသည်။
စာချုပ်တန်ဖိုး၏ ၅% မှ ၁၀% အထိ အာမခံပေးကာ လုပ်ငန်းပြီးမြောက်မှုကို ကာကွယ်ပေးပါသည်။
လုပ်ငန်းပြီးဆုံးသည်အထိ (သို့မဟုတ်) ပြုပြင်ထိန်းသိမ်းမှုကာလအထိ အကျုံးဝင်ပါသည်။
Fixed Deposit၊ အိမ်ခြံမြေ (သို့မဟုတ်) ငွေသားအာမခံတို့ဖြင့် လွယ်ကူစွာလျှောက်ထားနိုင်ပါသည်။
လျှောက်ထားရန် လိုအပ်ချက်များ
- လုပ်ငန်းအပ်နှံကြောင်းစာလွှာ (LOA) သို့မဟုတ် ချုပ်ဆိုထားသော စာချုပ်မိတ္တူ။
- တရားဝင် ကုမ္ပဏီမှတ်ပုံတင်နှင့် လုပ်ငန်းလိုင်စင်။
- နောက်ဆုံးကာလ ဘဏ္ဍာရေးရှင်းတမ်းများ။
- အာမခံအဖြစ်တင်ပြမည့် အငြိမ်အပ်ငွေလက်မှတ် (FD) သို့မဟုတ် ပိုင်ဆိုင်မှုအထောက်အထားများ။